အင်တာနက်မရှိရင် ရောင်းလို့ရလား။+
ရပါတယ်။ ပထမဆုံး online အကောင့်ဝင်ပြီး ဆိုင်နဲ့ ပစ္စည်းစာရင်း ရယူထားဖို့ လိုပါတယ်။ ပြီးရင် သိမ်းထားတဲ့စာရင်းနဲ့ offline ရောင်းနိုင်ပြီး ပြန်ချိတ်ဆက်ချိန် အရောင်းတွေကို sync လုပ်နိုင်ပါတယ်။ Offline လက်ကျန်က နောက်ဆုံး sync လုပ်ထားတဲ့ လက်ကျန်ဖြစ်ပါတယ်။
လက်ရှိ AI နဲ့ ဘာတွေ လုပ်နိုင်လဲ။+
လက်ရှိမှာ POS နဲ့ IMS အသုံးပြုနည်း မေးခွန်းတွေကို AI assistant ဆီမှာ မေးနိုင်ပါတယ်။ Assistant ကို သုံးဖို့ အင်တာနက်လိုပါတယ်။ နောက်ထပ် AI features တွေကို မကြာမီ ထည့်သွင်းသွားမှာဖြစ်ပြီး Coming soon အဖြစ် ဖော်ပြထားတဲ့ လုပ်ဆောင်ချက်တွေကို လောလောဆယ် သုံးလို့မရသေးပါ။
Download ဆွဲပြီး ချက်ချင်းသုံးနိုင်လား။+
ဆိုင်နဲ့ ချိတ်ဆက်ထားတဲ့ ဝန်ထမ်းအကောင့် ရှိထားဖို့ လိုပါတယ်။ ပထမဆုံး အကောင့်ဝင်ပြီး ဆိုင်နဲ့ ပစ္စည်းစာရင်း ပြင်ဆင်ချိန်မှာ အင်တာနက်လည်း လိုပါတယ်။ ဆိုင်အသစ်အတွက် ZYSP Tech ကို ဆက်သွယ်ပါ။ ဒီစာမျက်နှာမှာ ကိုယ်တိုင်အကောင့်ဖွင့်ခြင်း မရှိသေးပါ။
ဘယ်စက်တွေအတွက် download ရနိုင်လဲ။+
Windows x64 အတွက် desktop POS ကို Microsoft Store မှ ရယူနိုင်ပါတယ်။ macOS Apple Silicon နဲ့ macOS Intel အတွက် staging beta installer တွေကို download အပိုင်းမှာ ရွေးချယ်နိုင်ပါတယ်။ IMS ကို web browser ကနေ အသုံးပြုနိုင်ပါတယ်။